Wednesday 10 December 2014

ASUS ZENFONE 5 T00J KITKAT V4.4.2 ကို ROOT ကြမယ်ဗျာ...

ASUS ZENFONE 5 ကတော့ ဈေးနှုန်း မလေးရှားရင်းဂစ် ၅၅၀ ပါတ်ဝန်းကျင်လောက်ပဲရှိပါတယ်... ဒီပို့စ်တင်တဲ့အချိန်ပေါ့နော်... ယခင်တုန်းက ROOT လုပ်ရတာ နည်းနည်းအခက်အခဲလေးတွေရှိပေမယ့် အခုတော့ လွယ်ကူလာသလို သုံးစွဲတဲ့သူတွေလည်းအနည်းငယ်ရှိလာပါပြီ... သူနဲ့ပါတ်သက်တဲ့ (FULL SPECIFICATIONS)ကိုတော့ ဒီလင့်မှာ သွားရောက်ကြည့်ရှုစေချင်ပါတယ်... အဆင်မပြေတာလေးတွေ ရှိရင် comment ပေးခဲ့ပါ...
 လိုအပ်တာလေးတွေ အရင်ဒေါင်းမယ်....

DOWNLOAD:
  1. IntelAndroidDrverSetup1.1.5.exe
  2. RootZenFone5KitKat.zip

IntelAndroidDrverSetup ကို ကွန်ပျူတာမှာ အင်စတော အရင်ဆုံးလုပ်လိုက်ပါ...



Driver install လုပ်ပြီးသွားရင် မိမိဖုန်းရဲ့ settings>about>software information ကိုသွားပြီး build number (၇ ကြိမ်လောက် ဆက်တိုက်နှိပ်ပေးပါ)... ပြီးလျှင် back key တစ်ချက်နှိပ်ပြီး developer options ထဲ က usb debugging ကိုပုံတွင်ပြထားသည့်အတိုင်း check box ကို on ပေးပါ...


ထို့နောက် ဖုန်းနှင့်ကွန်ပျူတာအား USB Cable ဖြင့်ချိတ်ဆက်လျှင် အောက်ပါပုံအတိုင်းပေါ်လာမယ်...



RootZenFone5v442 ဖိုင်ကို Desktop ပေါ်မှာ zip ဖြည်လိုက်ပါ...  Folder တစ်ခုရလာပါမယ်... အဲဒီ Folder ထဲမှာမှ Files ဆိုတဲ့ Folder ပေါ်မှာ shift ကိုနှိပ်ထားပြီး right click နှိပ်  open command window here ကိုရွေးပါ... အောက်မှာ ပြထားတဲ့အတိုင်းပါ....


cmd window ပေါ်လာရင် adb devices ဆိုတာကိုရိုက်ပြီး Enter ခေါက်ပါ... အောက်ပါ ပုံအတိုင်း မြင်ရပါမယ်... မြင်ရပြီဆိုရင် root လုပ်လို့ရပါပြီ...


အဲဂလိုမျိုးပေါ်မလာခဲ့ရင် computer နဲ့ချိတ်ထားတဲ့ usb cable ကိုဖြုတ်ပြီးပြန်တပ်ပါ... ဖုန်းရဲ့ screen မှာ
အောက်ပုံအတိုင်းပေါ်လာခဲ့လျှင် Always allow from this computer ဆိုတာကို on ပြီး OK ကိုနှိပ်ပေးလိုက်ပါ...




ကောင်းပြီ ဒီအဆင့်ရပြီဆိုရင် Desktop ပေါ်က RootZenFone5v442 ထဲမှာ


Root-ZenFone5-en.bat ဆိုတာလေးကို click နှစ်ချက်နှိပ်ပြီးဖွင့်လိုက်ပါ... အောက်က ပုံအတိုင်းပေါ်လာလျှင် Enter ခေါက်လိုက်ပါ...


မိမိဖုန်းဟာ Rebooting (၅)ကြိမ်... (၆)ကြိမ်လောက် ပိတ်လိုက်ပွင့်လိုက်ဖြစ်နေပါလိမ့်မယ်... အောက်က ပုံလေးအတိုင်းပေါ်လာရင်တော့ Enter ခေါက်လိုက်ပါ...


ဖုန်းပြန်တက်လာရင် Application Drawer ထဲက SupperSU ပုံလေးကို ဖွင့်လိုက်ပါ...



SupperSU ရဲ့ Setting ထဲက Enable Superuser နဲ့ Re-authentication မှာရှိတဲ့ Check box ကလေးတွေကို အမှန်ချစ်ခြစ်ပေးပါ... အောက်ကပုံအတိုင်းပါ ... သင့်ဖုန်းက root ဖြစ်သွားပါပြီ...




အားလုံးပြီးသွားလျှင် မြန်မာစာဖွန့်ထည့်ရတာလွယ်သွားပါပြီ... အဆင်ပြေပါစေ...

1 comment :

  1. zenfone 5 t00j v.4.4.2 ပါ ကျနော် ဘယ်လိုမှဖောက်လို့ မရလို့ ပါ
    ဒီ bat ဖိုင်တွေက windows ရွေးပါသလား ကျနော့်စက်က windows 8 မို့ လို့ မရတာလား

    ReplyDelete