Sony Xperia M4 Aqua: E2312, E2303, E2306, E2333, E2353, E2363 အားလုံးအတွက် အသုံးပြုလို့ရပါတယ်... ကျွန်တော်ကတော့ Sony Xperia M4 Aqua DUAL E2312 ကို ROOT လုပ်ခဲ့ပါတယ်...
 ဒါလေး ၂ခု အရင်ဒေါင်းလိုက်ပါ....
- ပထမဦးဆုံး ဒီလင့်မှာ သွားရောက်ပြီးတော့ Bootloader Unlock Code ယူပြီး အဆင့်ဆင့်လုပ်ဆောင်သွားပါ...
 
- update supersu v2.46.zip ကို ဖုန်းရဲ့ SD ကဒ်သို့ ကူးထည့်ထားပါ...
 
- recovery.img ကို Fastboot folder ထဲမှာထည့်ထားပြီး Cmd window မှတဆင့် fastboot devices ရိုက်ပြီး enter နှိပ်ပါ..(ဖုန်းကို ပါဝါပိတ်ပြီး volume up key ဖြင့် Usb ကြိုးကို ကွန်ပျူတာနှင့်ချိတ်ထားရပါမယ်...)
 
- မိမိဖုန်းကို နဲ့ချိတ်သွားပြီဆိုရင် fastboot flash recovery recovery.img ရိုက်ပြီး enter နှိပ်ပါ... ဒီအဆင့်ပြီးရင် ဖုန်းရဲ့ recovery ထဲကို ၀င်ပါမယ်...
 
- ဖုန်းရဲ့ volume down နဲ့ power key ကိုအတူတွဲပြီး နှိပ်ပါ.. ဖုန်းရဲ့ တုန်ခါမှုရရင် power key ကိုလွှတ်လိုက်ပြီး  volume down key ကို recovery ထဲမ၀င်မချင်း ဆက်တိုက် နှိပ်နှိပ်ပေးပါ...
 
- recovery ထဲရောက်ပြီဆိုရင်တော့ ထုံးစံအတိုင်း SD ကဒ်ထဲထည့်ထားတဲ့ supersu zip v2.46.zip ကိုရွေးပြီး install လုပ်လိုက်တာနဲ့ root ကိုရပါပြီ... 
 
- မြန်မာဖွန့်ပြောင်းတာကတော့ lolipop zawgyi changer တွေနဲ့ပြောင်းလိုက်ပါ... 
 
ကိုစိုးမောင်(နည်းပညာ)